ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး(Talk Show) ကျင်းပ

ကဝ မေ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show)ကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက ဇွန်လ (၅)ရက်နေ့တွင်ကျရောက်မည့် "ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့" အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) ကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒုတိယဦးစီးမှူးဦးဖြိုးဝေစံဦးက လူသားတွေကအမှိုက်ကိုစနစ်တကျ မစွန့်ပစ်ကျဘူး၊ ရေမြောင်းတွေ၊ ရေကန်တွေထဲကို ဝင်ရောက်ပြီး လူနဲ့သက်ရှိသတ္တဝါအားလုံးကို ဆိုးကျိုးတွေဖြစ်စေတယ်၊ အဓိကရေထုနဲ့ လေထုကိုညစ်ညမ်းစေတယ်၊ ရေထုညစ်ညမ်းမှုတွေဖြစ်ပေါ်လာပြီး မြစ်ချောင်းများမှတစ်ဆင့် သမုဒ္ဒရာထဲကို ရောက်ရှိသွားတဲ့အတွက် ရေနေသတ္တဝါများအတွက် အန္တရာယ်ရှိနိုင်ကြောင်း  အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)