ကန့်ဘလူ မေ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရဟန်းရှင်လူပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စဥ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် လာရောက်ထိုးနှံသူပြည်သူများအား တတိယအကြိမ်၊ စတုတ္ထအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့် အညီ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးလျက်ရှိသည့်အပြင် ကျန်းမာရေးဆေးပေးခန်းဖွင့်လှစ်၍ လာရောက်ပြသသူ ပြည်သူများ၏ ရောဂါဝေဒနာအလိုက် အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဥ်နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)