ရွှေကျင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် “ပလတ်စတစ် သုံးစွဲမှုလျှော့ချရေး” အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပ

ရွှေကျင် မေ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြိုအဖြစ် ပလပ်စတစ်သုံးစွဲမှုလျှော့ချနိုင်ရေးအတွက် ရည်ရွယ်ကာ ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး ဝိုင်ဝန်းပူးပေါင်းအဖြေရှာပေး ခေါင်းစဉ်ဖြင့် (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ ညနေ(၃)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး(Talk Show) တွင် ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က အသိပညာပေး(Talk Show)ကျင်းပပြုလုပ် ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူးဦးမျိုးငြိမ်းက ပြည်သူများအတွက် အသိပညာဗဟုသုတများစွာရရှိပြီး ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး ဝိုင်ဝန်း ပူးပေါင်း အဖြေရှာပေး ခေါင်းစဥ်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြန်ကြားပေးခြင်း၊ ဖျော်ဖြေပေးခြင်း၊ အသိပညာပေးခြင်းများကို အထူးအလေးထား၍ အပတ်စဥ် လစဥ် အသိပညာပေး (Talk Show) ပွဲများ၊ ဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများနှင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းတို့ကို ပြည်သူဗဟိုပြုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)