ကျုံပျော် မေ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၏ ၂၀၂၃ ခုနှစ် မိုးရာသီသီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေများ စတင်ထုတ်ချေးခြင်းကို မေလ ၁၈ ရက် နံနက်က အဆိုပါရုံး၌ ပြုလုပ်သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းမင်းနိုင်နှင့် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတို့က တောင်သူများအား တစ်ဧက(၁၀)တင်းစီ တိုးထွက်ရေးနည်းပညာပေးဆွေးနွေးပြီး၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မြို့နယ် မန်နေဂျာ ဦးကြည်လွင်က ချေးငွေဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ မူဝါဒ၊ အတိုးနှုန်းနှင့် ပြန်လည် ပေးဆပ်ရမည့် သတ်မှတ်ချက်များအား ရှင်းလင်းပြောကြားပြီး၊ အင်းမကျေးရွာရှိ တောင်သူ(၁၀၆)ဦး ၏ စိုက်ဧက (၇၁၀) အတွက် ချေးငွေကျပ် (၁၀၆၅) သိန်းအား စတင်ထုတ်ချေးခဲ့သည်။
ကျုံပျော်မြို့နယ်တွင် မိုးရာသီသီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေကို မေလမှ စက်တင်ဘာလအထိ၊ တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ပြီး အတိုး ၅ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၉၈) အုပ်စုမှ တောင်သူများအား ဆက်လက်ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)