အိမ်မဲ မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ၂၀၂၃ ခုနှစ် ယမန်နေ့နံနက် (၁၀)နာရီအချိန်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် အိမဲမဲမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်အေးအေးတင်က ချေးငွေထုတ်ချေးရခြင်း၏ ရည်ရွယ်ချက်နှင့် စည်းကမ်းချက်များကို တောင်သူများအား ရှင်းလင်းပြောကြားခဲ့သည်။
၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ထုတ်ချေးဆောင်ရွက်မည့် ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေ ကျပ်သန်း (၁၂၀၀၀) ထုတ်ချေးသွားရန် လျာထားပြီး ထုတ်ချေးပေးမည့်ကာလမှာ ၂၀၂၃ ခုနှစ်မေလမှ စက်တင်ဘာလကုန်အထိ သတ်မှတ်ထားရှိပြီး ထုတ်ချေးဆောင်ရွက်မည့် တောင်သူ များသည် အချိန်စေ့ရောက်ပြီးသည့် နှစ်စဥ်ချေးငွေ၊ နှစ်တိုချေးငွေနှင့် နှစ်ရှည်ချေးငွေ၏ အရစ်ကျငွေ အရင်းအတိုး အပြည့်အဝ ပြေကျေရမည်ဖြစ်ကြောင်း သိရသည်။
မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့တွင် အိမ်မဲမြို့နယ် ဆတ္ထူကျေးရွာအုပ်စုမှ တောင်သူ (၁၅၂)ဦး၏ စိုက်ပျိုးမြေဧက (၈၅၄)ဧက အတွက် တစ်ဧကလျှင် (၁၅၀၀၀၀)ကျပ်နှုန်းဖြင့် တစ်ထောင့်နှစ်ရာရှစ်ဆယ့်တစ်သိန်းကျပ်ကို ထုတ်ချေးပေးသွားမည်ဖြစ်ပြီး မေလ ၁၉ ရက်နေ့တွင် ညောင်ဝိုင်းကြီးကျေးရွာအုပ်စုမှ တောင်သူများအား ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)