ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးနေပြီဖြစ်

ကန်ကြီးထောင့် မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ်  မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများအား ယမန်နေ့တွင် စတင်ထုတ်ချေးနေပြီကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ်ချေး ငွေများအား  မေလ (၁၈) ရက်နေ့တွင် သဘော့ငူကျေးရွာအုပ်စု  ရှိ တောင်သူ (၈၃)ဦး၏ လယ်ဧက (၅၅၈) ဧကအတွက် ထုတ်ချေးငွေကျပ် (၈၃၇.၀၀)သိန်းအား စတင်ထုတ်ချေးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ချေးငွေလာရောက် ထုတ်ယူကြသောတောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တိုင်းဒေသကြီး မန်နေနေဂျာ ဦးအေးသိန်းနှင့် မြို့နယ်မန်နေဂျာ ဦးအောင်နိုင်တို့က တွေ့ဆုံ၍   တောင်သူများအား ချေးငွေများအားအကျိုးရှိစွာအသုံးပြုကြရန်၊ စိုက်ပျိုးသီးနှံများ အထွက်တိုးရေးနှင့် ချေးငွေများအား သတ်မှတ်ကာလအတွင်း ပြေကြေစွာပေးဆပ်ကြရေး  ဆွေးနွေးမှာကြားခဲ့ကြသည်။

ကန်ကြီးထောင့်မြို့နယ်တွင်၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအား ရပ်ကွက်(၇)ခု ကျေးရွာအုပ်စု (၇၃)အုပ်စုမှ တောင်သူ(၄၈၅၀)ဦး  ၏ လယ်ဧက (၄၀၀၀၀) အတွက်  ချေးငွေ ကျပ်သိန်း (၆၀၀၀၀)အား ထုတ်ချေးရန် လျာထားခဲ့ပြီး တစ်ဧကလျှင် ကျပ်(၁၅၀၀၀၀)နှုန်းဖြင့်တောင်သူတစ်ဦးလျှင် (၁၀) ဧက အထိအား အတိုးနှုန်းမှာ  (၅)% ဖြင့် ထုတ်ချေးသွားမည်ဖြစ်သည်။ အဆိုပါချေးငွေအား နှစ်စဥ်ချေးငွေ၊ ကိုဗစ်-၁၉ အထူးချေးငွေ၊ နေကြာချေးငွေ ရယူထားကြသောတောင်သူများမှ အချိန်စေ့ ချေး‌ငွေအပြေအကြေ ပေးဆပ်ပြီးဖြစ်သော တောင်သူများအား ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

မဇင်(ပြန်/ဆက်)