သရက် မေ ၁၉
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီက ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် ဟောပြောရာ ပလတ်စတစ်ညစ်ညမ်းမှုအား တိုက်ဖျက်နိုင်သည့် နည်းလမ်းများ Reduce (လျှော့ချသုံးစွဲခြင်း) ၊ Reuse(ပြန်လည်အသုံးပြုခြင်း) ၊ Recycle (ပြန်လည်ပြုပြင်သုံးစွဲခြင်း) ၊ Reject (အသုံးပြုရန် ငြင်းပယ်ခြင်း) ၊ Return (အသုံးပြုနိုင်သော နေရာသို့ ပြန်လည်ပို့ဆောင်ပေးခြင်း) အချက်များအား ပြောကြားပေးခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများမှ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်အား လေ့လားခဲ့ကြပြီး ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲအား လေ့လာကြည့်ရှုခဲ့ကြသည်။ အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေး လက်ကမ်းစာစောင်အား ဖြန့်ဝေပေးခဲ့သည်။
ဇော်ထက်(သရက်)