ဟုမ္မလင်း၌ မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးစပါးပျိုးစရိတ်​ချေးငွေကျပ်သန်း ပေါင်း (၁၂၆၀) ထုတ်ချေးပေးသွားမည်

ဟုမ္မလင်း မေ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊​၊ ​ဟုမ္မလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဟုမ္မလင်းမြို့နယ် ကျေးရွာအုပ်စု (၄၇)အုပ်စု၊ တောင်သူ(၁၇၀၀)ဦး နှင့် စပါးဧက (၈၄၀၀)အတွက် ၂၀၂၃ ခုနှစ်၊ မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို မေလမှ စက်တင်ဘာလအထိ ထုတ်ချေးပေးလျက်ရှိရာ ယခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်းပေါင်း  ၁၂၆၀ သန်းထုတ်ချေးပေးရန် ခန့်မှန်းလျားထား ကြောင်း သိရသည်။

ဆက်လက်၍ ဟုမ္မလင်းမြို့နယ်ကျေးရွာအုပ်စု ဟူနောင်၊ ဟင်နောင် ကျေးရွာအုပ်စုမှ တောင်သူ (၄၀)ဦးအား ယနေ့ နံနက် ၁၁ နာရီအချိန်မှ စတင် ၍ တောင်သူတစ်ဦးလျှင် တစ်ဧက (၁၅၀၀၀၀) ကျပ်နူန်းဖြင့် ချေငွေများကို ထုတ်ပေးလျက်ရှိပြီး တောင်သူတစ်ဦးလျှင် အများဆုံး ၁၀ ဧကအထိ ထုတ်ချေးပေးသွာမည်ဖြစ်ကြောင်း ဟုမ္မလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးအောင်ကျော်ဝင်းထံမှ သိရသည်။

 ဟုမ္မလင်း(ပြန်/ဆက်)