တောင်ငူ မေ ၁၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသားကျောင်းသူ လူငယ်များအတွက် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်နှင့်အသိပညာ အတတ်ပညာများဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်းအား ၂၄- ၄- ၂၀၂၃ ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ကွန်ပျူတာဖြင့် ပန်းချီရေးဆွဲခြင်း ပြိုင်ပွဲကို ကျင်းပခဲ့သည်။
အဆိုပါ ကွန်ပျူတာဖြင့် ပန်းချီရေးဆွဲခြင်းပြိုင်ပွဲတွင် ဆုရရှိသူများအား တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးနှင့် နည်းပြ ဦးဇော်ထက်တို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ သင်တန်းတွင် ကွန်ပျူတာအခြေခံဘာသာရပ်များအား အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ (၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ (၂၄-၄-၂၀၂၃)ရက်နေ့မှ (၁၉-၅-၂၀၂၃)ရက်နေ့အထိ နေ့စဥ် (၁၂:၃၀)နာရီမှ (၁၅:၃၀)နာရီအထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ ဆက်)