လပွတ္တာမြို့တွင် ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

လပွတ္တာ မေ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့နံနက်ပိုင်းတွင် လပွတ္တာမြို့၊  အမှတ်(၅) ရပ်ကွက်၊ ရတနာလမ်းရှိ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ ခရိုင်ရုံးတွင် ထုတ်ချေးပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရတက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့နယ်အတွင်းရှိ တောင်သူများ ၂၀၂၃ ခုနှစ် မိုးသီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို အဆင်ပြေ ချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ယနေ့ (၁၈.၅.၂၀၂၃) ရက်နေ့တွင် လပွတ္တာလုပ်မြောက်ကျေးရွာ အုပ်စုမှ တောင်သူ(၉)ဦး၏ စိုက်ပျိုးဧက (၈၃)ဧကအတွက် တစ်ဧကလျှင် ၁၅၀၀၀၀ ကျပ်နှုန်းဖြင့် ချေးငွေပေါင်း (၁၂၄၅၀၀၀၀)ကျပ် ထုတ်ချေးပေးခဲ့ကြောင်း၊ အတိုးနှုန်းတစ်နှစ် လျှင် ၅ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း၊ အချိန်စေ့လွန် ကြွေးကျန်မရှိသော တောင်သူများကို ဦးစားပေးထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း၊ ယခုနှစ်တွင်စိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ချေးခြင်းနှင့် ပြန်လည်ပေးဆပ်သော တောင်သူများကို လက်ခံခြင်းအား တစ်ပြိုင်တည်း လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လယ်ယာမြေပိုင်ဆိုင်ခွင့် ပုံစံ(၇)အထောက်အထားနှင့် တစ်ဦးချင်းအာမခံစနစ်ဖြင့် စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ
လက်​ထောက်မန်နေဂျာ ဒေါ်သီတာသွင်ထံမှသိရသည်။

ခရိုင်(ပြန်/ဆက်)