ဝါးခယ်မမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ  ၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး

ဝါးခယ်မ မေ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဝါးခယ်မမြို့နယ်ဘဏ်ခွဲမှ ယနေ့နံနက် ၁၀ နာရီအချိန်တွင် တောင်သူများ ၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်အတွင်းရှိ တောင်သူများ အချိန်စေ့ကြွေးကျန်များလာရောက် ပေးဆပ်ရာတွင် အချိန်စေ့ကြွေးကျန်များ ပြန်လည်‌ပေးဆပ်ပြီးသူများအား ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေး‌ငွေများကို (၁၈-၅-၂၀၂၃) ရက်နေတွင် စတင်ထုတ်ချေးရာ ရွှေလောင်းကျေးရွာနှင့် ဇုက္ကနိကျေးရွာ ကျေးရွာအုပ်စု(၂)အုပ်စုမှ တောင်သူ(၈၈)ဦး၊ မိုးစပါးစိုက်ဧက(၅၆၂)ဧကအား မိုးစပါးတစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်းဖြင့် ချေးငွေပေါင်း(၈၄၃)သိန်း စတင်ထုတ်ချေးခဲ့ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးရည်မွန်ထံမှ သိရသည်။

ဟိန်းထက်လင်း (ပြန်/ဆက်)