ကဝမြို့နယ်တွင် ၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး

ကဝ မေ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးခြင်းကို ယနေ့နံနက်(၉)နာရီက ငါးထပ်ကြီးဘုရားရင်ပြင်တွင် ဆောင်ရွက်ခဲ့သည်။

ပထမဦးစွာ ကဝမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဒေါ်အေးသိန်းက ချေးငွေထုတ်တောင်သူများ သိရှိလိုက်နာရမည့် ဘဏ်ချေးငွေဆိုင်ရာ စည်းမျဥ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားပြီး ၂၀၂၂ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား အကြေအလည်ပေးဆပ်ပြီးဖြစ်သည့် နဘဲပင်ကျေးရွာအုပ်စုနှင့် မွေပွေးကုန်းကျေးရွာအုပ်စုအတွင်းမှ တောင်သူ(၁၉၀)ဦးအတွက် လယ်မြေတစ်ဧကလျှင် (၁၅၀၀၀၀)ကျပ်နှုန်းဖြင့် လယ်မြေဧက (၁၃၆၄)ဧကအတွက် စုစုပေါင်းငွေကျပ်(၂၀၄၆၀၀၀၀၀) နှစ်ထောင့်လေးဆယ့်ခြောက်သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း ကဝမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)