ကြံခင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသောအိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ

ကြံခင်း မေ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသော အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လည်ပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က သဘာဝဘေးအန္တရာယ်ကြောင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက်ပြီး  ရှင်းလင်း ပြောကြားပြီးနောက်၊ ကြံခင်းမြို့နယ်အတွင်းရှိ လေဘေးသင့် အိမ်ထောင်စုများအား  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊  ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ  ထောက်ပံ့သော  တစ်စိတ်တစ်ပိုင်းပျက်စီးသော ကျေးရွာ(၄)ရွှာမှ  အိမ်ထောင်စု (၆)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၁၅၀၀ဝိ/)နှင့် ဆန်ရိက္ခာဖိုး (၂၁၀၀ဝိ/)အားနှင့် ပြိုကျပျက်စီးသော အိမ်ထောင်စု (၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝိ/)၊ ဆန်ရိက္ခာဖိုး(၂၁၀၀)နှင့် တစ်ကိုယ်ရည်သုံးပစ္စည်း (၁၇)မျိုးပါ ပုံးတစ်လုံးတို့ကို  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  လေဘေးသင့် အိမ်ထောင်စုများ လက်ဝယ်အရောက် ပေးအပ်ကြသည်။

ထောက်ပံ့ပေးအပ်ပွဲသို့     ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လေဘေးသင့်ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

မြိုနယ်(ပြန်/ဆက်)