ဝေါမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲကျင်းပ

ဝေါ မေ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ အချိန်မီထုတ်ချေးပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ဝေါမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)မှ အထွေထွေမန်နေဂျာ ဦးအောင်ဇော်မိုးနှင့် ပဲခူးတိုင်းဒေသကြီးဘဏ်ခွဲမှ ဒုတိယတိုင်းဒေသကြီးမန်နေဂျာ ဒေါ်သက်ထားနွယ်တို့မှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်  ချေးငွေများသတ်မှတ်ကာလအတွင်း ပြီးစီးအောင်ထုတ်ချေးနိုင်ရေးနှင့် အချိန်စေ့လွန်ကြွေးကျန်များ ပြေကျေရေးကိစ္စများနှင့်ပက်သတ်၍ တက်ရောက်လာသော ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ချေးငွေစစ်ဆေးရေးအတွင်းရေးမှူးများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးဇော်သန်းက ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်  ချေးငွေများသတ်မှတ်ကာလအတွင်း ပြီးစီးအောင်ထုတ်ချေးနိုင်ရေးနှင့် အချိန်စေ့လွန်ကြွေးကျန်များပြေကျေရေး ကိစ္စများအသီးသီးရှင်းလင်းပြောကြားခဲ့ကြသည်။

စိုက်ပျိုးစရိတ်ချေးငွေအတွက် တစ်ဧကလျှင်(တစ်သိန်းခွဲကျပ်နှုန်းဖြင့် ဧကရာဇ်ကျေးရွာအုပ်စု (၁)အုပ်စု၊ တောင်သူ(၉၃)ဦး၏(၆၇၇)ဧကအတွက် ငွေ(၁၀၁,၅၅၀,၀၀၀)ကျပ်ကို ထုတ်ချေးပြီး ချေးငွေအပြေအကျေပြီးသည့် တောင်သူလယ်သမားများအား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ မန်နေဂျာဒေါ်သန်းသန်းဌေးထံမှ သိရပါသည်။

အောင်မြတ်လင်း (ပြန်/ဆက်)