မင်းလှ မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်သည့် စိစစ်ကြီးကြပ်ရေး အဖွဲ့က ယစ်မျိုးလက်လီလက်ကားရောင်းချသောဆိုင်များတွင် တရားမဝင်ယစ်မျိုးများ ရောင်းချမှုမရှိစေရေး စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းနိုင်၊ မြို့နယ်အခွန်ဦးစီးဌာန၊ မြို့နယ်စည် ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သည့် စိစစ်ကြီးကြပ်ရေးအဖွဲ့က မြို့နယ်အတွင်းရှိ ယစ်မျိုးလက်လီ၊ လက်ကားရောင်းချသောဆိုင်များ၌ လိုင်စင်မဲ့ရောင်းချခြင်း၊ တရားမဝင်သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်းများမရှိစေရန်နှင့် ပြည်တွင်းကုန်ပစ္စည်း သယ်ဆောင်ရာတွင် အခွန်ပေးဆောင်ထားရှိမှု အခြေအနေနှင့် အရက်/ဘီယာ ကုန်ပစ္စည်းများတွင် Tax Paid ကပ်ထားမှုရှိ/မရှိ တို့အား လိုက်လံကြည့်ရှု စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)