(ရန်ကုန်) အားကစားသိပ္ပံသင်တန်းကျောင်း တက်ရောက်ရန် ကြံခင်းမြို့နယ်အတွင်းမှ သင်တန်းသား (၃)ဦး ရွေးချယ်ခံရ

ကြံခင်း မေ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နိုင်ငံတော်၏ အားကစားကဏ္ဍဖွံဖြိုး တိုးတက်စေရန်နှင့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် (ရန်ကုန်) အားကစားသိပ္ပံသင်တန်းကျောင်း တက်ရောက်ရန်   ကြံခင်းမြို့နယ်အတွင်းမှ  သင်တန်းသား (၄)ဦး  သွားရောက်ရွေးချယ်ခံရာ  သင်တန်းသား(၃)ဦး  ရွေးချယ်ခံရကြောင်း  သိရသည်။

အဆိုပါ သင်တန်းသားများရွေးချယ်ရာတွင်  ဧပြီလ(၁၉)ရက်နေ့က  တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန  (ကိုးသိန်းအားကစားကွင်း)တွင် ပဏာမ စစ်ဆေးရွေးချယ်ပေးရာ သင်တန်းသား(၄)ဦးရွေးချယ်ခံရခြင်းဖြစ်ပြီး၊ မေလ(၈)ရက်နေ့တွင် (ရန်ကုန်) အားကစားသိပ္ပံသင်တန်းကျောင်း၌ ကြံခိုင်စွမ်းရည် (၅)မျိုးစစ်ဆေးခြင်း၊  မိမိဝါသနာပါသော အားကစားနည်းများ အလိုက်စစ်ဆေးခြင်းများဖြင့်  စစ်ဆေးရွေးချယ်ခဲ့ရာ   လှေလှော်အားကစားဖြင့် ကစားသမား(၂)ဦးနှင့်    မြှားပစ် ကစားသမား(၁)ဦး ရွေးချယ်ခံရပြီး   (ရန်ကုန်) အားကစားသိပ္ပံသင်တန်းကျောင်း တက်ရောက်ခွင့်ရရှိကြောင်း  မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ  တာဝန်ရှိသူထံက  သိရသည်။

မြို့နယ်(ပြန်/ဆက်)