ပုလောမြို့နယ်၌ မိုးစပါးစိုက်ပျိုးရန်အတွက် တောင်သူများအား ချေးငွေများ စတင်ထုတ်ချေး

ပုလော မေ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေး တောင်သူများအား ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၁၀  နာရီမှစတင်၍ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဝန်ထမ်းများက စနစ်တကျဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးရာတွင် ယခင်နှစ်က စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ပြီးသူများကိုသာ ထုတ်ချေးပေးခြင်းဖြစ်ပြီး၊  ယနေ့နံနက် ၁၀ နာရီကစပြီး ပုလောမြို့ အမှတ်(၅)ရပ်ကွက်ရှိ တောင်သူ (၃၀) ဦးအတွက် တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် မိုးစပါးစိုက်ဧက (၁၇၀) ဧကအတွက် ချေးငွေကျပ် ၂၅၅ သိန်းကို ထုတ်ချေးပေးခဲ့ပြီး ၂၀၂၃ ခုနှစ် မေလအတွင်း မိုးစပါးစိုက်ပျိုးသည့် ကျေးရွာ(၃)ရွာကို ထုတ်ချေးပေးရန်စီစဉ်ထားရှိကြောင်း မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်ကြူကြူအေးထံမှ သိရသည်။

အေးအေးမော်(ပုလော)