ခမောက်ကြီးမြို့တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေး

ခမောက်ကြီး  မေ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အသက်(၂)လမှ (၅)နှစ်အထိ ကလေးငယ်များအား ပုံမှန်ကလေးကာကွယ် ဆေးများထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်း ကခမောက်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ကာကွယ်ဆေးများထိုးနှံရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဌာနမှ ဆရာ၊ဆရာမများက ခမောက်ကြီးမြို့အတွင်းရှိ ကလေးငယ် (၇၇) ဦးအား  ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံရမည့် အသက်အပိုင်းအခြားအလိုက် ထိုးနှံပေးခြင်းနှင့် ဗီတာမင်အေ အားဆေးနှင့် သံကျဆေးများ တိုက်ကျွေးခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ခမောက်ကြီး(ပြန်/ဆက်)