သရက်ချောင်းမြို့နယ်၌ မိုးစပါးစိုက်ပျိုးရန်အတွက် တောင်သူများအား ချေးငွေများ စတင်ထုတ်ချေး

သရက်ချောင်း မေ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေး တောင်သူများအား ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးနိုင်ရေး ယနေ့နံနက် ၉ နာရီအချိန်မှစ၍ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ် ဝန်ထမ်းများက စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် ယခင်စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ပြီးသူများကိုသာ ထုတ်ချေး ပေးခြင်းဖြစ်ပြီး ယနေ့နံနက် ၉ အချိန်ကစပြီး ကတွဲကျေးရွာတောင်သူ (၂၀)ဦးအား တစ်ဧကလျှင် ၁သိန်းခွဲနှုန်းဖြင့် မိုးစပါးစိုက်ဧက (၉၂)ဧကအတွက် ချေးငွေကျပ် ၁၃၈၀၀၀၀၀ သိန်းကို ထုတ်ချေးပေးခဲ့ပြီး ၂၀၂၃ခုနှစ်၊ မေလအတွင်း မိုးစပါးစိုက်ပျိုးသည့် ကျေးရွာ(၄)ရွာကို ထုတ်ချေးပေးရန် စီစဉ်ထားရှိကြောင်း သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်အေးသီတာထံမှ သိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)