ရွှေကျင် မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်သစ်တောဦးစီးဌာနမှ ကျွဲတဲရပ်ကွက်အတွင်းရှိ မြို့မယာယီပျိုးဥယျာဉ်အတွင်း၌ ၂၀၂၃ ခုနှစ်တွင် လူထုဖြန့်ပျိုးပင်ပေါင်း သုံးသောင်းကိုပျိုးထောင်ပေးထားလျက်ရှိသည်။
သစ်တောဦးစီးဌာနမှ ပျိုးထောင်ထားသောပျိုးပင်များမှာ ကျွန်း၊ မန်ဂျန်ရှား၊ မယ်ဇလီနှင့် မဟော်ဂနီများဖြစ်ပြီး ၂၀၂၃ ခုနှစ် မိုးရာသီကာလအတွင်း တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာများ၊ ရပ်ကွက်နေပြည်သူများ၊ ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြေရေးတို့အတွက် ဖြန့်ဝေသွားမှာဖြစ်ကြောင်း သစ်တောဦးစီးဌာနမြို့နယ်ဦးစီးဌာနမှူး ဦးခင်မောင်သန်းက ပြောကြားခဲ့သည်။
အဆိုပါပျိုးပင်များကို ဒေသခံပြည်သူများအနေဖြင့် မိမိခြံဝန်းအတွင်း၌ အရိပ်ရစေရန်ပျိုးဥယျာဉ်သို့ လာရောက်တောင်းပါက သစ်တောဦးစီးဌာနမှ ပျိုးပင်များကို အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်းသိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)