လိပ်သို မေ ၁၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင် တန်းများပေါများ၍ နေထိုင်သူဒေသခံတောင်သူများမှာ တောင်ယာ လုပ်ငန်း၊ ဥယျာဉ်ခြံ လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းခဲ့ရာမှ နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သော ကွမ်းသီးပင် စိုက်ပျိုးသည့်လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုအချိန်တွင် ဒေသထွက် ကွမ်းသီးအခြောက်များကို ပြန်လည်ရောင်းချခြင်းဖြင့် မိသားစုအတွက် အထောက်အကူ ဖြစ်လျက်ရှိကြောင်း သိရသည်။
ကွမ်းသီးစိုက်ပျိုးသည့်ဒေသနေပြည်သူများအနေဖြင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအတွက်ကွမ်းသီးပင်များကို စိုက်ပျိုးလျက်ရှိပြီး ကွမ်းသီးပင်များကို စိုက်ပျိုးသည့် အချိန်မှစကာ အပင် သက်တမ်း (၇) နှစ်ကျော် (၈) နှစ်တွင် အပွင့်များစတင်ထွက်ရှိပြီး အသီးများသီးကာ အသီးရင့်မှည့်သည့် အောက်တိုဘာလမှ ဒီဇင်ဘာလတွင် ခူးယူလျက်ရှိကြောင်း၊ ကွမ်းသီးပင်တစ်ပင်လျှင် အရင့် မှည့်သီးများကို (၃) ပြန်ခူးယူလေ့ရှိပြီး ယခုနှစ် မိုးဦးကျတွင် ကွမ်းသီးအခြောက်ပြောင်ဈေး တစ်ပိဿာ (၉၀၀ဝိ/-) ကျပ်၊ ပြောင်လတ် တစ်ပိဿာ (၈၀၀ဝိ/-) ကျပ် နှင့် ရွေးသီးတစ်ပိဿာ (၇၀၀ဝိ/-) ကျပ်ရရှိသဖြင့် မိသားစု စားဝတ်နေရေး အထောက်အကူဖြစ်လျက်ရှိကြောင်း သိရ သည်။
ခင်လေးနွယ် (လိပ်သို)