မိုးညို မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း (Women Club) ၊ ဝါသနာတူ လူငယ်များအသင်း (Youth Club) တို့ပူးပေါင်း၍ စာရေးဆရာမောင်မင်းစိုးရေးသားသည့် "လူငယ်နှင့်အပြောင်းအလဲ" စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ (၂) နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မိုးညိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာလင်း က လူငယ်လူရွယ်များစာကြည့်တိုက်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အသိပညာဗဟုသုတ များစွာရရှိသည့် စာအုပ်စာပေများကိုသာဖတ်ရှု့ကြစေရန်၊ မိမိတို့ဖတ်ရှု့ထားသည့် စာအုပ်များထဲမှ အသိဗဟုသုတများကို အခြားသူများသို့တစ်ဆင့် မျှဝေဆွေးနွေးတတ်စေရန် စာဖတ်ဝိုင်းများပြုလုပ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားပြီး စာပေချစ်သူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးမြသန်းက လူငယ်နဲ့အသိစိတ်၊ လူငယ်နဲ့အပြောင်းအလဲ ခေါင်းစဥ်များဖြင့်လည်းကောင်း ဆွေးနွေးရာ Women Club အဖွဲ့ဝင် မသစ်သစ်က ခေါင်းစဥ်ပါအကြောင်းအရာများ ပြန်လည်ဆွေးနွေးသည်။ ဆက်လက်၍ (Book Club) အဖွဲ့ဝင် ဦးမြင့်စိန်ကလူအမျိုးမျိုး စိတ်အဖုံဖုံခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ရာYouth Club အဖွဲ့ဝင် မောင်ပြည့်ဖြိုးထွန်းနှင့် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် အဖွဲ့ဝင်များက ပြန်လည် မေးမြန်း ဆွေးနွေးခဲ့ကြကြောင်းသည်။
အဆိုပါ စာအုပ်သည် လူငယ်လူရွယ်များတွက် ဘာသာရေးဘက်က အကြောင်းအရာများနဲ့ အားကောင်းတဲ့စကားများကို အခြေခံပြီး ရေးသားထားသော စာအုပ်ဖြစ်သည့်အတွက် လူငယ်များတွက်သာမက လူကြီးလူငယ်များအားလုံးဖတ်ရှု့သင့်သော စာအုပ်တစ်အုပ်ဖြစ်ကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)