နတ်မောက်မြို့နယ်၌ စားဖိုချောင်သီးနှံ ချဉ်ပေါင်ရွက်များ ဈေးကောင်းရရှိ

နတ်မောက် မေ ၁၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြိုမစျေးတွင် စားဖိုချောင်သုံးသီးနှံချဉ်ပေါင်ရွက်များ ဈေးကောင်းရကြောင်း ရောင်းချသူ မလဲ့ထံက သိရသည်။

ကျွန်မအနေကတော့ မြို့နဲ့အနီးဝန်းကျင်မှာရှိတဲ့ ရွာတွေကနေ မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်မျိုးစုံကို လက်ကားအနေနဲ့ ဝယ်ယူရောင်းချပါတယ်၊ ဟင်းသီးဟင်းရွက်များဖြစ်တဲ့ ချဉ်ပေါင်၊ ခရမ်းချဉ်၊ ပန်းဂေါ်ဖီ၊ ဗမာနံနံ၊ တရုတ်နံနံ၊ ဆလတ်ရွက်၊ ရိုးဖြူဆလတ်၊ ဖူးစားပြောင်း၊ ဖရုံ၊ ဘူးသီး၊ တိုင်ထောင်ပဲ၊ သခွား၊ ကြက်ဟင်းခါးသီးစတဲ့ အသီးအနှံများအတူ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေကို ရောင်းချပါတယ်၊ ဒီနှစ်မှာတော့ ပြီးခဲ့သည့်နှစ်များမတူ ချဉ်ပေါင်ရွက်ဈေးကောင်း ရောင်းနေကြရပါတယ်၊ ဆောင်းရာသီကတည်းက ချဉ်ပေါင်ရွက်တစ်ပိဿာကို (၁၈၀၀)ရောင်းရပြီး မိုးရွာလိုက်တဲ့အခါမှာ  တောင်သူလုပ်ငန်းချိန်ဖြစ်တဲ့အတွက် ချဉ်ပေါင်ရွက်တစ်ပိဿာကို (၂၅၀၀)အထိရောင်းချရပါတယ်။ စိုက်ပျိုးသူလည်းအဆင်ပြေသလို ရောင်းချသူများအတွက်လည်း တွက်ခြေကိုက်ပါတယ်” ဟု မသီမာက ပြောသည်။

နတ်မောက်မြို့ မြို့မဈေးကြီးသို့ မြို့နယ်အတွင်းရှိ ကျေးရွာဖြစ်တဲ့ န/လက္ခုပ္ပင်၊ အင်းကုန်း၊ ကြူအိုင်ကျေးရွာများအပြင် တောင်တွင်းကြီး၊ မြို့သစ်၊ တွင်းလည်၊ ရွှေပန်းပင်ဒေသများကပါ ချဉ်ပေါင်ရွက်များ လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။

မူမူစန်း