သံတောင်ကြီး မေ ၁၈
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဉယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ဒေသခံပြည်သူများ၏ မြေလွတ်မြေရိုင်းနေရာများ၊ ဉယျာဉ်ခြံများ၊ မြစ်ချောင်းများ၏ ဘေးပတ်ဝန်းကျင်များတွင် သဘာဝအတိုင်းပေါက်ရောက်ရှင်သန်လျက်ရှိသည့် ကင်ပွန်းသီးများကို ခူးယူပြီးအခြောက်လှန်းကြသည်။ ခုအချိန်တွင်ကင်ပွန်းသီးခြောက်များ ဝယ်လိုအား ကောင်းသောကြောင့် ဒေသခံပြည်သူများရောင်းချပြီး မိသားစုအပိုဝင်ငွေရ ရှိကြောင်း သိရသည်။
ကင်ပွန်းသီးများသည် သစ်မာပင်များဖြစ်၍ တစ်နှစ်လျှင်တစ်ကြိမ်တည်းသာ အသီးသီးကာ သဘာဝအတိုင်း ပေါက်ရောက်ကြပြီး ယခုအချိန်ကာလတွင် ဝယ်လိုအားကောင်းသောကြောင့် ဒေသခံပြည်သူများမှာ မိမိတို့၏မြေလွှတ်နေရာများတွင်ကင်ပွန်းသီးပင်များကို စီးပွား ဖြစ်ပြန်လည် စိုက်ပျိုးလျက်သည်။ ကင်ပွန်းသီးများကို ခေါင်းလျော်ရည်ပြုလုပ်ရာတွင်အသုံးပြုခြင်း၊ ဆပ်ပြာရည်များပြု လုပ်ရာတွင် အသုံး ပြုခြင်း၊ ဝါးဗူးများတွင် ကင်ပွန်းသီးများထောင်းပြီးချောင်းများတွင် ထည့်သည့် အခါငါးများကို အလွယ်တကူဖမ်းယူနိုင်ခြင်းတို့တွင်အသုံးပြုကြသည်။
အဆိုပါ ကင်ပွန်းသီးမျာကို သံတောင်ကြီးမြို့နှင့်တောင်ငူမြို့ရှိကင်ပွန်းသီး ရောင်းဝယ်သူများထံတွင် သွားရောက်ရောင်းချပြီးတစ်ပိဿာလျှင်ကျပ်(၁၀၀၀)ရမှကျပ်(၁၂၀၀)ထိရရှိက မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။
နော်နော်မူ