နတ်မောက် မေ ၁၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ဈေးရပ်ကွက်သံဃာဒါနဆွမ်းလောင်းအသင်း၏ ဦးဆောင်ကြီးကြပ်မှုဖြင့် (၁၆)ကြိမ်မြောက် သံဃာဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီအချိန်က ဈေးရပ်ကွက် ဘူတာသစ်လမ်းမကြီးတစ်လျှောက်တွင် လောင်းလှူခဲ့ကြသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်လှူခဲ့ရာသို့ မြို့ပေါ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးတော်မူသော ဆရာတော်ကြီးများ၊ သံဃာတော်အရှင်သူမြတ်အပါး (၂၁၅)ပါးနှင့် သာသနာ့အနွယ်ဝင် သီလရှင်ဆရာလေး(၁၉)ပါး စုစုပေါင်း(၂၃၄)ပါးတို့က ကြွချီအလှူခံခဲ့ကြပြီး စေတနာရှင်ကုသိုလ်ရှင်အပေါင်းတို့က ဆွမ်းဆန်၊ ကြက်သွန်နီ၊ သရက်သီး၊ ဆေးဝါးနှင့် ဝတ္တုပစ္စည်း အမျိုးမျိုးတို့ကို သဒ္ဒါကြူဖြူစွာ လောင်းလှူခဲ့ကြောင်း သိရသည်။
လှဝင်း