ညောင်တုန်း မေ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပလပ်စတစ်အိတ်အသုံးပြုမှု လျှော့ချရေး အသိပညာပေး ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီက ဦးဆောင်၍ မြို့နယ်စည်ပင်သာရေးအဖွဲ့နှင့် ဈေးကော် မတီမှ တာဝန်ရှိသူများက ပလပ်စတစ်အိတ်အသုံးပြုမှု လျှော့ချရေးအတွက် ပလတ်စတစ်အိတ်အစား ပျက်ဆီးလွယ်သော အင်ဖက်၊ ငှက်ပျောဖက်၊ စက္ကူများဖြင့် အစားထိုးသုံးစွဲရေး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် လက်ကိုင် စပီကာဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်း၊ လိုက်လံစစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ညောင်တုန်းမြို့နယ်အတွင်းရှိ ဈေးများတွင် ပလတ်စတစ်အိတ် အသုံးပြုမှုလျှော့ချရေးအတွက် အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ်ဖြင့် ဈေးမရောင်းရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ သိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)