ကေ့ာကရိတ်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးအကြို ဟောပြောပွဲပြုလုပ်

ကေ့ာကရိတ် မေ ၁၈

ကရင်ပြည်နယ်၊  ကေ့ာကရိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌  ဇွန်လ  ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အကြို အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွှဲ ၁ နာရီက  ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင်  ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မျိုးဝင်းက  လူငယ်များအနေဖြင့်  ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ ကမ္ဘာ့မြေထု၊ ရေထု၊ လေထုတို့သည် အဖိုးထိုက်တန်သော အရာများဖြစ်ပြီး ကမ္ဘ့ာပတ်ဝန်းကျင် ညစ်ညမ်းမှုကို မဖြစ်ပေါ်နိုင်စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်သည့်အကြောင်းအရာများ၊ မိမိပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် အမှိုက်များကို စနစ်တကျ စွန့်ပစ်တတ်စေရေး၊ ပလပ်စတစ်သုံးစွဲမှုလျော့ချရေး၊ သစ်တောသစ်ပင် သယံဇာတများ ထုတ်ယူသုံးစွဲမှုဂရုပြုရေး၊ သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ  ရာသီဥတုပြောင်းလဲလာမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)