ဘုတ်ပြင်း မေ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် သဘာဝဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကိုယနေ့ မွန်းလွဲအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သပြေခန်းမတွင်ပြုလုပ်ကျင်းပခဲ့သည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ဝင်းက ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းကြောင့် သဘာဝဘေးသင့်ဒေသအတွက် ထောက်ပံ့ငွေပေးအပ်နိုင်ရေးအတွက် မြို့နယ်အဆင့်သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် လူမှုရေးအသင်းအဖွဲ့အစည်းများ၊ မြို့မိမြို့ဖ များ ပူးပေါင်းပါဝင်မှုကို ကျေးဇူးတင်ကြောင်းနှင့် သက်ဆိုင်ရာသို့ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက်အခမ်းအနားသို့ တက်ရောက်လာသည့် မြို့မိမြို့ဖ ဦးရွှေထွန်းက၊ ဘုတ်ပြင်းမြို့မှ အလှူရှင်များဖြစ်ကြသည့် ဒေသခံပြည်သူအလှူရှင်များကိုယ်စား သဘာဝဘေးသင့်ဒေသများထဲမှ ရခိုင်ပြည် နယ် သဘာဝဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်ငွေ လှူဒါန်းပေးရခြင်းနှင်ပတ်သက် ရှင်းလင်းပြောကြားပြီး၊ မြို့မိမြို့ဖနှင့် အလှူရှင်များ ထောက်ပံ့ပေးအပ်ငွေ ကျပ်(၅၃၈၄၇၀၀/) (ကျပ်ငါးဆယ်သုံးသိန်းရှစ်သောင်းလေးထောင်ခုနှစ်ရာတိတိ)အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းထံ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတက်ရေကြောင်းသိရသည်။
ဖြူဖြူသိန်း၊(ပြန်/ဆက်)