ကြို့ပင်ကောက်မြို့တွင် လေဘေးသင့်အိမ်ထောင်စုဝင်များအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများပေးအပ်

ကြို့ပင်ကောက် မေ ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့မှာ မိုခါမုန်တိုင်းရဲ့အရှိန်လေပြင်းတိုက်ခတ်မှုကြောင့် မေလ ၁၅ ရက်နေ့က ကျေးရွာအချို့မှနေအိမ်များ အမိုးလန်ပြိုလဲပျက်ဆီးခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူဦးစီးဌာနက အိမ်ဆောက်ပစ္စည်းဖိုးများ ဆန်ရိက္ခာဖိုးများပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမမှာ ယနေ့ မွန်းလွဲ ၁ နာရီချိန်က ပြုလုပ်ခဲ့သည်။

အိမ်ဆောက်ပစ္စည်းဆန်ရိက္ခာဖိုး ထောက်ပံ့မှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇင်မင်းဌေးနှင့် တာဝန်ရှိသူများက လေဘေးသင့် မိသားစုများထံ ကိုယ်တိုင်လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

မေလ ၁၅ ရက်နေ့က ဖုန်းစိုးစုကျေးရွာအုပ်စု ဖုန်းစိုးစုကျေးရွာမှ လေဘေးသင့် အမိုးလန်နေအိမ်(၈)လုံးနှင့် ကျွန်းနက်ကုန်းကျေးရွာအုပ်စု ညောင်လှကျေးရွာမှ လေဘေးသင့်အမိုးလန် နေအိမ်(၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၁၀,၀၀ဝိ/-)ကျပ်၊ အိမ်ထောင်စု(၉)စုရှိ လူဦးရေ(၂၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၅၀,၄၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄၆၀,၄၀ဝိ/-)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးဒေါ်စုမြတ်ထွေးထံမှ သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)