သာယာဝတီ မေ ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စုများမှ အမိုးလန်ပျက်ဆီးသွားသည့် နေအိမ်မှအိမ်ထောင်စုဝင်များအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ကယ်ဆယ်ရေးပစ္စည်းများနှင့်ထောက်ပံ့ငွေများပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၁၁ နာရီက ပြုလုပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ရာတွင် မေလ ၁၄ ရက်မှ ၁၅ ရက်နေ့များတွင် (မိုခါ)မုန်တိုင်းအရှိန်ဖြင့် လေပြင်းတိုက်ခတ်မှုကြောင့် သာယာဝတီခရိုင်၊ သာယဝတီမြို့နယ်တွင် ပြိုလဲနေအိမ်(၂၅)လုံး၊ ပြိုလဲဘုန်းကြီးကျောင်း(၁)ကျောင်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၉၃)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၈၉၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁၁၈)စုရှိ လူဦးရေ(၄၃၉)ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ(၉၂၁၉၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၇၈၁၁၉၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ အိမ်ထောင်စု(၂၅)စုတို့အား လေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)