ဒိုက်ဦးမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုဝင်များထံ ထောက်ပံ့ငွေများပေးအပ်

ဒိုက်ဦး မေ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း(၁၄.၅.၂၀၂၃)ရက်နေ့တွင် ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်ဖြစ်သောလေဘေးမှ အမိုးလန်သွားသော ဘုန်းကြီးကျောင်း(၁)ကျောင်းနှင့် နေအိမ်(၈)လုံးအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကိုမေလ ၁၇ ရက်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သဘာဝဘေးအန္တရာယ်ဖြစ်သော လေဘေးသင့် အိမ်ထောင်စုများထံ ထောက်ပံ့ငွေပေးအပ်ရာတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးအိမ်‌ထောင်စုများနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ပေးအပ်သော ငွေများအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ၁ ဗိုလ်မှူးသက်နောင်ဦးမှ လေဘေးသင့်ခဲ့သော အိမ်ထောင်စုများထံသို့ ဆက်လက်ပေးအပ်ခဲ့သည်။

(၁၄.၅.၂၀၂၃) ရက်နေ့တွင်  ဖြစ်ပွားခဲ့သောသဘာဝ‌ဘေးအန္တရာယ် လေဘေးကြောင့်ကျေးရွာ အုပ်စု (၄) စုအတွင်းမှဘုန်းကြီးကျောင်း (၁)ကျောင်းနှင့် နေအိမ် (၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာနှစ်မျိုး‌ပေါင်းအတွက် စုစုပေါင်းကျပ်(၅၁၅၁၀၀)အား ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)