တောင်ငူခရိုင်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်(၃၉)ဦးအား ရခိုင်ပြည်နယ်သို့ စေလွှတ်

တောင်ငူ မေ ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင် (၃၉)ဦးကို ယမန်နေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအား သွားရောက်ကူညီရန်  ရခိုင်ပြည်နယ်သို့ စုဖွဲ့စေလွှတ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသက်ဝင်းက ရှာဖွေကယ်ဆယ်ရေးမီးသတ်တပ်ဖွဲ့ဝင်(၃၉)ဦးအား အမှာစကားပြောကြားပြီး ရှာဖွေကယ်ဆယ်ရေးပစ္စည်းကိရိယာများနှင့် ဆေးဝါးပစ္စည်းများကို ကြည့်ရှုစစ်ဆေးကာ ရိက္ခာ(၁)လစာ နှင့်အတူ ရခိုင်ပြည်နယ်သို့ စုဖွဲ့စေလွှတ်ခဲ့သည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ရခိုင်ပြည်နယ်အား  ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသအား၊ ပြည်တွင်းအားကို စုစည်းအသုံးပြု၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် စေလွှတ်ခြင်းဖြစ်ကြောင်းသိရသည်။

ခရိုင် ပြန် /ဆက်