ပဲခူး မေ ၁၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန်လ (၅)ရက်နေ့တွင် ရောက်ရှိမည့် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အကြို အသိပညာပေး Talk Show အစီအစဥ်ကို ယနေ့နံနက် ၁၀ နာရီက ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ယဥ်ယဥ်နုက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ပြီး ပဲခူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိရွှေစင်မိုးက ယခုနှစ်၏ “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” ဆောင်ပုဒ်ဖြစ်သော “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ to Plastic Pollution)” ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်နှင့် ကမ္ဘာမြေကြီးကို လူသားများ ထိန်းသိမ်းစောင့်ရှောက်လာအောင် အသိပညာပေးလိုသည့် ရည်ရွယ်ချက်ဖြင့် ၁၉၇၂ ခုနှစ်၊ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့ ၌ ကုလသမဂ္ဂမှ ကြီးမှူး၍ ပထမအကြိမ်လူသားပတ်ဝန်းကျင် ညီလာခံကြီး ကျင်းပပြုလုပ်ခဲ့သည့် ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ လက်ရှိသဘာဝပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသောဆိုကျိုးများအကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပါက ရရှိလာမည့် ကောင်းကျိုးများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပြည်သူတွေ ပူးပေါင်းဆောင်ရွက်ရမည့် အကြောင်းအရာများကို အကျယ်တဝင့် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ ဆက်)