လပွတ္တာ မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် ဒေသတွင်းရှိ တောင်သူများ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ် သော အရင်းအနှီးအထောက်အပံ့များ ဖြစ်စေနိုင်ရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် လပွတ္တာခရိုင် ဘဏ်ခွဲမှ ယခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေ (ကနဦးရန်ပုံငွေ)ကျပ်သန်းပေါင်း (၁၂၀၀) နီးပါးခန့်အား မေလနှင့် ဇွန်လတွင် ထုတ်ချေးပေးနိုင်ရန် လျာထားကြောင်း သိရသည်။
စိုက်ပျိုးစရိတ်ချေးငွေများကို စပါးပေါ်ချိန် ၂၀၂၄ ခုနှစ် အောက်တို ဘာလမှ စတင်၍ဧပြီလ ကုန်သည်အထိ ပြန်လည်ပေးအပ်ရန် သတ်မှတ်ပေးထားပြီး ယခင်နှစ်က လပွတ္တာမြို့နယ်တွင် ချေးငွေကျပ်(၁၈၅၂.၉၅)သန်းအား ကျေးရွာ (၄၈)ရွာမှ လယ်သမားဦးရေ (၁၃၇၅) ဦးတို့အား ထုတ်ချေးပေးခဲ့ကြောင်း မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် လပွတ္တာခရိုင်ဘဏ်ခွဲမှ သိရသည်။
ခရိုင် (ပြန်/ဆက်)