ဘားအံမြို့၌  ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

ဘားအံ မေ ၁၇

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဘားအံခရိုင်  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ဇွန်လ (၅)ရက်နေ့သည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး အထိမ်းအမှတ်နေ့ ဖြစ်သည့်အတွက် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို ထိန်းသိမ်းကာကွယ်ရန်၊ သက်ရှိများ၏ ဂေဟစနစ်များနှင့် လူတို့၏ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရန်အတွက် လူတစ်ဦးချင်းအနေဖြင့် အမှိုက်နှင့် ကြွပ် ကြွပ်အိတ်အသုံးပြုမှု၊ စွန့်ပစ်မှုများကို လျှော့ချခြင်းဖြင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာစေရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ် ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဘားအံခရိုင်ရုံးမှ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်မိကြည်နန္ဒာသိန်းက “ပလတ် စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် ပလတ်စတစ်အသုံးပြုမှုဆိုးကျိုးများအကြောင်း၊ ပလတ်စတစ်အသုံးပြုခြင်းဖြင့် ပတ်ဝန်းကျင်အပေါ် ညစ်ညမ်းမှုများဖြစ်စေနိုင်သည့်အကြောင်း၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချနိုင်မည့် နည်းလမ်းများအကြောင်း ဆွေးနွေးခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး လက်ကမ်းစာစောင်များနှင့် နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)