ပန်းတနော် မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက် ၈ နာရီက မြို့အဝင်စစ်ဆေးရေးဂိတ်တွင် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မြို့အဝင်စစ်ဆေးရေးဂိတ်နှင့် လူစည်ကားရာနေရာများတွင် လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)