မင်းလှမြို့တွင် လေဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့‌ငွေနှင့် ပစ္စည်းများပေးအပ်

မင်းလှ မေ ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စုများမှ အမိုးလန်/ပြိုလဲပျက်ဆီးဆုံးရှုံးသွားသည့် နေအိမ်မှအိမ်ထောင်စုဝင်များကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဦးစီးဌာနက ထောက်ပံ့‌ငွေနှင့်ပစ္စည်းများပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၁၀ နာရီချိန်က ပြုလုပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသိန်းဇော်ဖြိုးမင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဦးစီးဌာန ဦးစီးမှူး‌ဒေါ်ကေသီမြင့်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့က မေ ၁၄ ရက်မှ ၁၆ ရက်နေ့ထိ ကျေးရွာအုပ်စု (၁၂) အုပ် စု၊ ကျေးရွာ (၁၅) ရွာတွင်ဖြစ်ပွားခဲ့သော ပြိုလဲနေအိမ်(၁)လုံး၊ အမိုး လန်နေအိမ်(၁၅) လုံးအတွက် အိမ် ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၃၀၀၀၀) ကျပ်နှင့်အိမ်ထောင်စု (၁၆) စုရှိ လူဦးရေ (၅၀) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၀၅၀၀၀) ကျပ် စုစုပေါင်း (၉၃၅၀၀၀) ကျပ်အား ဘေးသင့်ပြည်သူများ လက်ဝယ်အ‌ရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)