ကြက်ဟင်းခါးစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိနိုင်

မြင်းမူ ဧပြီ ၁၇

စားဖိုချောင်သီးနှံသည် စားသုံးသူများအတွက် နေ့စဉ်မဖြစ်မနေ လိုအပ်လျက်ရှိသည်နှင့် အညီ ဝယ်လိုအားရှိသည့်အတွက် စိုက်ပျိုးသူများက ရာသီနှင့် ကိုက်ညီသည့် စားဖိုချောင်သီးနှံများကို စီးပွားဖြစ်သော်လည်းကောင်း၊ မိသားစုတစ်ပိုင်တစ်နိုင် သော်လည်းကောင်း ရွေးချယ်စိုက်ပျိုး ရောင်းချလျက်ရှိရာ မြင်းမူမြို့ တပင်ရွှေထီးရပ်တွင် ကြက်ဟင်းခါးပင်ကို တစ်ပိုင် တစ်နိုင် စိုက်ပျိုးရောင်းချလျက်ရှိရာ မိသားစုအတွက် ဝင်ငွေပိုမိုရရှိနေကြောင်း သိရသည်။

ကြက်ဟင်းခါးပင်ကို အစေ့ချ/ ပျိုးပင်စိုက်နှစ်သက်ရာ စိုက်ပျိုးနိုင်ကြောင်း၊ မိမိစိုက်ခင်း ဒဿမ ဧက (၅၀)တွင် အထွက်တိုး ဘို့(၁၀၀၀)မျိုးအပင်(၃၀၀)ကိုစို က်ပျိုးထားရှိကြောင်း၊  မျိုးစေ့အပါအဝင် ထွန်ယက်ခအပြီးအစီး (၃)သိန်းကျော် ကုန်ကျ ကြောင်း၊  စိုက်ပျိုးပြီး (၃)လအကြာတွင် စတင်ခူးယူရရှိနိုင်ပြီး (၄)လအကြာအထိ ခူးယူရရှိနိုင်ကြောင်း သိရသည်။

ကြက်ဟင်းခါးပင်ကို ပင်ကြား(၃)ပေ တန်းကြား(၆)ပေ စိုက်ပျိုးနိုင်ပြီး အသီးကို(၃)ရက် တစ်ကြိမ် ခူးယူနိုင်ကြောင်း၊ တစ်ကြိမ်လျှင် ခူးလျှင် (၁၅) ပိဿာရရှိကာ (၄)လဆက်တိုက် ခူးယူရရှိနိုင်သည့်အတွက် အချိန်ပိဿာ (၆၀၀၀)ရရှိကာ ယခုလက်ရှိဈေး(၁၂၀၀)နှင့် တွက်ပါက ငွေကျပ်(၇)သိန်း ရရှိနိုင်သည့်အတွက် အရင်းနှုတ်ပြီး ငွေကျပ်(၄)သိန်း အမြတ်ရရှိ နိုင်ကြောင်း ခြံပိုင်ရှင် တောင်သူ ဦးအေးထွန်းဦးထံမှ သိရသည်။

အောင်စိုးဖေ(မြင်းမူ)