ဟုမ္မလင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ​အနာဂတ်စိတ်ကူးပန်းပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ဟုမ္မလင်း မေ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အနာဂတ်စိတ်ကူးပန်းပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို မေ(၁၇)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
အဆိုပြိုင်ပွဲတွင် ကျောင်းသား/သူများအား ဥာဏ်ရည်၊ ဥာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကိုယ်ရည်ကိုယ်သွေးထက်မြတ်လာစေရန် အသိပညာဗဟုသုတများ တိုးလာစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပေးရဖြစ်ကြောင်းသိရသည်။
ဆက်လျက်၍ မူလတန်း ထက်/ဆင့်
ကျောင်းသား/သူ (၁၆)ဦးက ပြိုင်ပွဲများ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု တတိယဆု၊ နှစ်သိမ့်ဆုရရှိသူများကို ဟုမ္မလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်းသိရှိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)