သရက်မြို့၌ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

သရက် မေ ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် (၇:၃၀)နာရီက စတင်၍ အနောက် ဈေးနှင့် မြို့မဈေးအတွင်းဖြန့်ဝေ ပေးခဲ့သည်။

အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သရက်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ထုတ်ဝေသည့် ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့၊ပလတ်စတစ်ပစ္စည်းများ၏ ဆိုးကျိုးများ၊ ပလတ်စတစ်ပစ္စည်းများအား ငြင်းပယ်သည့် အချက်များ၊ ပလတ်စတစ်ညစ်ညမ်းမှုအား တိုက်ဖျက်နိုင်သည့် နည်းလမ်းများပါ အသိပညာပေး လက်ကမ်းစာစောင်အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။  

ဇော်ထက်(သရက်)