ကေ့ာကရိတ်မြို့၌ လူငယ်နှင့်ယဥ်ကျေးလိမ္မာအသိပညာပေး Talk Show ပြုလုပ်

ကေ့ာကရိတ် မေ ၁၇

ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်လူရွယ်များ လိမ္မာယဥ်ကျေးမှုရှိစေရန် လူငယ်နှင့်ယဥ်ကျေးလိမ္မာအကြောင်းသိကောင်းစရာ Talk Show ဆွေးနွေးပွဲကို ခရိုင် လူထု အခြေပြုဗဟိုဌာန၌ ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်မျိုးဝင်းက အသိပညာပေး Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး သိရှိလို သည်များမေးမြန်းဆွေးနွေးရာ ယဥ်ကျေးလိမ္မာသင်တန်းများတွင် သင်တန်းပို့ချပေးလျက်ရှိသည့် ပညာရေး (အငြိမ်းစား) ဆရာမ ဒေါ်ခင်ကြူအေးမှ နွေရာသီကာလတွင် ကလေးလူငယ်များကို  ကိုယ်၊ စိတ်၊ နှလုံးနူးညံ့သိမ်မွေ့လာပြီး လူမှုပတ်ဝန်းကျင်၌ အနေအထိုင်အပြောအဆို ယဥ်ကျေးသိမ်မွေ့၍  လူတော်လူကောင်းတွေ များပြားလာစေရန်ရည်ရွယ် ၍ သင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် သင်တန်းများဖွင့်လှစ်ရခြင်း၏ အကျိုးသက်ရောက်မှု အကြောင်းအရာတို့ကို ဆွေးနွေးပြောကြားသည်။

ထိုနောက် ဆရာမဒေါ်နန်းအေးအေးသင်းက ယဥ်ကျေးလိမ္မာသင်တန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သင့်သည့် အကြောင်းအရာတို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေးTalk Show ဆွေးနွေးပွဲများကို    လစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး   Online မှတစ်ဆင့် လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)