နတ်တလင်းမြို့နယ်၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်

နတ်တလင်း မေ ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မေ ၁၅ ရက်နေ့က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပွားခဲ့သော အမိုးလန်ပျက်ဆီးခဲ့သည့်  လေဘေးသင့် အိမ်ထောင်စုများအား အိမ်ဆောက် ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့   နံနက် ၉ နာရီက နတ်တလင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

နတ်တလင်းမြို့နယ်တွင် မေ ၁၅ ရက်နေ့က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပွားခဲ့သော ရပ်ကွက်(၂)ရပ်ကွက်၊ကျေးရွာအုပ်စု(၁၁)အုပ်စုမှ အမိုးလန်ပျက်ဆီးခဲ့သည့် နေအိမ်(၂၀)လုံး၊ပြိုလဲနေအိမ် တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၈၇၃၀၀၀/-)ကျပ်၊ ထောက်ပံ့ရေးပစ္စည်းပုံး တစ်ပုံး၊ လေဘေးသင့် အိမ်ထောင်စုများမှ လူဦးရေ(၆၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၁၄၄၉၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၇၄၉၀၀/-) ကျပ်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဒေါ်စုမြတ်ထွေး၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က  လေဘေးသင့် အိမ်ထောင်စုဝင်များထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ ဆက်)