မုံရွာ မေ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့ ပူးပေါင်း၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အကြိုအဖြစ် ပလပ်စတစ် ညစ်ညမ်းမှုလျော့ချနိုင်ရေးအတွက် ရည်ရွယ်ကာ ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ရေး ဝိုင်ဝန်းပူးပေါင်းအဖြေရှာပေး ခေါင်းစဉ်ဖြင့် (Talk Show) ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီက မုံရွာခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါ အသိပညာပေး (Talk Show) တွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီးနောက် ပြည်သူများအတွက် အသိပညာ ဗဟုသုတများစွာရရှိပြီး ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး ဝိုင်ဝန်းပူးပေါင်း အဖြေရှာပေး ခေါင်းစဥ်ဖြင့် သိရှိလိုသည့် မေးမြန်းဆွေးနွေးမှုများကို စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မျိုးဆက်က ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်း ဖြေကြားပေးခဲ့သည်။
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြန်ကြားပေးခြင်း၊ ဖျော်ဖြေပေးခြင်း၊ အသိပညာပေး ခြင်းများကို အထူးအလေးထား၍ အပတ်စဥ် လစဥ်အသိပညာပေး (Talk Show) ပွဲများ၊ ဟောပြောပွဲများ၊ ပြပွဲ၊ပြိုင်ပွဲများ နှင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းတို့ကို ပြည်သူဗဟိုပြုဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ကျင်းပပြုလုပ်သော ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ရေး ဝိုင်ဝန်းပူးပေါင်းအဖြေရှာပေး (Talk Show) ကို မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ We Love Monywa facebook Page တွင် မှတ်တမ်းတင် ရိုက်ကူးတင်ဆက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)