အုတ်တွင်းမြို့နယ်အတွင်း မုန်တိုင်းဒဏ်သင့်ပြည်သူများအား အိမ်သုံးပစ္စည်းများ၊ ဆန်နှင့် ထောက်ပံ့ငွေများပေးအပ်

အုတ်တွင်း မေ ၁၇

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိရတနာခန်းမ၌ ယနေ့‌မွန်းလွဲပိုင်းက ခရိုင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ မြို့နယ်အတွင်းမုန်တိုင်းဒဏ်သင့်ပြည်သူများအား အိမ်အသုံးအဆောင်ပစ္စည်းများ၊ ဆန်နှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီက မုန်တိုင်းဒဏ် ခံစားခဲ့ရသော မြို့နယ်အတွင်းမှထောက်ပံ့ပေးအပ်ပွဲ တက်ရောက်လာသည့် ပြည်သူများအား အဖွင့်အမှာစကားပြောကြားပြီး ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးဒေါ်ခင်သာယာဦးက အိမ်အသုံး အဆောင်ပစ္စည်းများ၊ ဆန်နှင့်ထောက်ပံ့ငွေ ပေးရခြင်း၏ရည်ရွယ်ချက်ကို ပြောကြားသည်။

ထို့နောက် မြို့နယ်အတွင်းမှ မုန်တိုင်းဒဏ်သင့်ပြည်သူများအား တစ်ဦးချင်းအလိုက် အိမ်သုံးပစ္စည်းများ၊ ဆန်နှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး အဆိုပါထောက်ပံ့ပေးအပ်ပွဲသို့ ခရိုင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။ ဆက်လက်၍ မုန်တိုင်းဒဏ်သင့်ခဲ့သော မြို့ပေါ်ရပ်ကွက်များအတွင်းသို့လည်း တစ်အိမ်တက်ဆင်းလိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)