မုံရွာ မေ ၁၇
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားရေး ဒုတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ယင်းမာပင်ခရိုင်၊ မုံရွာခရိုင်တို့မှ ခရိုင်/မြို့နယ်ပညာ ရေးမှူးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်၊ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်၊ ဟုမ္မလင်း ခရိုင်များမှ ခရိုင်/မြို့နယ်ပညာရေးမှူးများက Video Conferencing စနစ် ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မေလ ၂၃ ရက်နေ့သည် ကျောင်း အပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်မည် ဖြစ်သဖြင့် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံ ရေးသက်ဆိုင်ရာ ခရိုင်/မြို့နယ်နှင့် ကျောင်းများအလိုက် တာဝန်ရှိသူများက စနစ်တကျစီမံ ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ ကျောင်းဖွင့်မှုနှင့် ကျောင်းတက်ရာခိုင်နှုန်းမြင့်မားမှသာ နိုင်ငံတော်မှ ရည်မှန်းထား သည့် အလယ်တန်း ပညာပြီးမြောက်ရေး KG+9 အားအောင်မြင်စွာ အကောင်အထည်ဖော်ဆောင် ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေကြီး အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းများအား မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ နာဂဒေသ နန်းယွန်းနှင့် လဟယ်မြို့များတွင် တစ်ကျောင်းစီ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ ကျောင်းများသို့ Grade- 9 အောင်မြင်ပြီးသူ ကျောင်းသား၊ ကျောင်းသူများ ဆက်လက် ပညာ သင်ကြားနိုင်မည်ဖြစ် သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ လျာထားချက်ပြည့် တက်ရောက်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်များရှိ အခြေခံပညာကျောင်းများ အားလုံးကျောင်း ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေး၊ ကျောင်းဥပတိရုပ်ကောင်းမွန်းစေရေး၊ သင်ထောက်ကူ ပစ္စည်များ နှင့် သင်ကြားရေးပရိဘောဂပစ္စည်းများ ပြည့်စုံစွာထားရှိရေးတို့အား ကြိုတင်စီမံဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုလာမည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းအားလုံး ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေနိုင်ရေးအား ယခုအစည်းအဝေးသို့ တက်ရောက်လာကြသည့် ဆရာကြီး၊ ဆရာမကြီးများ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများနှင့် တိုင်းဒေသကြီး ပညာရေးမှူးတို့က အစွမ်းကုန်ကြိုး ပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြား လိုပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးစောနှိုင်နှင့် တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး-ပညာ ဦးစိုးသိုက်တို့က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားရေး လုပ်ငန်းများစီမံဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ယင်းမာပင်ခရိုင်၊ မုံရွာခရိုင်တို့မှ ခရိုင်/မြို့နယ် ပညာရေးမှူးများ မိမိတို့မြို့နယ်များရှိ အခြေခံပညာ ကျောင်းများ၏ သင်ကြားရေးလုပ်ငန်းများ၊ ကျောင်းဆောင် အဆောက်အဦများ ကြံ့ခိုင်မှုအခြေအနေများ၊ သင်ထောက်ကူပစ္စည်းများ ပြင်ဆင်ထားရှိမှု၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ရေး လုပ်ငန်းဆောင်ရွက်သွားမည့် အစီအမံများ၊ ဆရာ/ဆရာမလိုအပ်ချက်များနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းများရာနှုန်းပြည့် ဖွင့်လှစ်နိုင်ရေး အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်၊ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်၊ ဟုမ္မလင်းခရိုင်များမှ ခရိုင်/မြို့နယ်ပညာရေးမှူးများက Video Conferencing စနစ်ဖြင့် အသီးသီးရှင်းလင်းတင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များ အပေါ် လိုအပ်သည်များ အကြံပြုဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေးတင်ပြချက်များ အပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရ သည်။
တိုင်းဒေသကြီး (ပြန်/ဆက်)