ပေါင်းတည်မြို့နယ်သို့ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ ကွင်းဆင်းကြည့်ရှု

ပေါင်းတည် မေ ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်သို့ ဒေသဖွံ့ဖြိုးရေးအတွက် အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံမှစက်ရုံမှူး ဗိုလ်မှူးကြီးဇော်ထွန်းဦး၊ ဗိုလ်မှူးကြီး ကျော်ထင်နှင့် ဒု-ဒကစမှူး ဗိုလ်မှူးကောင်းမြတ်တို့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများလိုက်ပါလျက် ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က မြို့နယ်အတွင်း ကွင်းဆင်းကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒေသဖွံ့ဖြိုးရေးအတွက် ဒေသဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များသည် မြို့နယ်အတွင်းရှိ နွေစပါး စိုက်ပျိုးထားရှိမှု၊ လမ်းနှင့်တံတားများခင်းကျင်းထားရှိမှုနှင့် လိုအပ်မှု၊ စာသင်ကျောင်းများ၏ ကြံ့ခိုင်မှု၊ မြို့နယ်ပြည်သူ့ဆေးရုံ၏ ဆေးကုသပေးနိုင်မှု၊ ရောဂါရှာဖွေရေးနှင့် ကုသရေးပစ္စည်းများ လိုအပ်မှု၊ ပုဂ္ဂလိကဆန်လုပ်ငန်းရှင်များ၏ ဆန်စပါးကြိတ်ခွဲ ထုတ်လုပ်နေမှုများကို နယ်မြေကွင်းဆင်းကြည့်ရှုခဲ့ကြပြီး လိုအပ်ချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ညှိနှိုင်းဆွေးနွေးကာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)