စလင်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ လေပြင်းတိုက်ခတ်မှု၊ စလင်းချောင်းရေဝင်ရောက်မှု ကြောင့် ပြိုကျပျက်စီးမျောပါအိမ်များအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

စလင်း မေ ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ နေ့စဉ်အာရုံဆွမ်းလောင်းအသင်းဓမ္မာရုံကြီးအတွင်း၌ မေလ ၁၃ ရက်နေ့ညတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လေပြင်းတိုက်ခတ်မှုနှင့် စလင်းချောင်းရေဝင်ရောက်မှုများကြောင့် မေလ ၁၄ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှ စတင်ကာ စလင်းချောင်းရေ ဝင်ရောက်ခဲ့ပြီး လူနေအိမ် (၃)လုံး အမိုးလန်ပျက်စီးခဲ့၍ ပျက်စီးမျောပါအိမ် (၈၇) အိမ်ရှိခဲ့သည်။ ထိုအမိုးလန်၊ ပျက်စီးမျောပါအိမ် (၈၇) အိမ်တို့အား ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့သည်။

အခမ်းအနားသို့ ခရိုင်ဘေးအန္တရာယ်ဆ်ိုင်ရာစီမံခန့်ခွဲမှုဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်စိုးစိုးအိနှင့် အဖွဲ့ဝင်များ၊ ခရိုင်‌လေဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြာရေးမှူး ဒေါ်ကေသွယ်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန္ဒဝင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် ဆင်ဖြူကျွန်းမြို့ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရေဘေးသင့်အိမ်ထောင်စု ပြိုကျပျက်စီးခဲ့သည့် လူနေအိမ် အမိုးလန်(၃)အိမ်၊ မျောပါပျက်စီး လူနေအိမ် (၈၇)လုံးတို့အား ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် စားနပ်ရိက္ခာဆန်ဖိုးငွေ (၉၇၁၀.၀၀၀)ကျပ်နှင့် ပြိုကျပျက်စီးမှု လူနေအိမ် (၈၇) အိမ်ထောင်စုအတွက် တစ်အိမ်လျှင် တစ်သိန်းနှုန်းဖြင့် (၈၇) သိန်းကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်းသုံးပစ္စည်း ၁၇ မျိုးပါ အဝတ်အစားအသုံးအဆောင်နှင့် စောင်၊ ခြင်ထောင်၊ ဒန်အိုး၊ ပစ္စည်းအစုံတို့အား ရေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)