ဖြူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုပြည့်မီရေး ကွင်းဆင်းလိုက်လံထိုးနှံပေး

ဖြူး မေ ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဖြူးမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံမှုနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှုများ ပြည့်မီစွာထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်ကာ ရေသန့်စက်ရုံလုပ်ငန်းများ၊ စားသောက်ဆိုင်များရှိ ဝန်ထမ်းများအား ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် ​အသက်(၁၈)နှစ်နှင့် အထက်ရှိသောသူများအား ကာကွယ်ဆေးထိုးနှံထားမှုအခြေအနေအရ အာရှရေသန့်စက်ရုံ၊ မာန်သစ်ရေသန့်စက်ရုံ၊ အေးရိပ်စံစားသောက်ဆိုင်၊ ကောင်းသန့်စားသောက်ဆိုင်များရှိ ဝန်ထမ်းများအား First Dose(၂)ဦး၊ Second Dose(၁၃)ဦး၊ first booster(၅၅)ဦး၊ second booster(၆၄)ဦး၊ Third booster(၃၆)ဦး စုစုပေါင်း(၁၇၀)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)