တောင်ငူမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပိတောက်ကိုင်းပဲ့ကျမှုနှင့် အုတ်တံတိုင်းပြိုကျမှု ဖြစ်ပွား

တောင်ငူ မေ ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ ယမန်နေ့ညနေပိုင်းက၊ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမှတ် (၂၀) ရပ်ကွက်၊ မြို့ကြီးလမ်းတွင် နေအိမ်ပေါ်သို့ ပိတောက်ကိုင်း ပဲ့ကျမှုနှင့် တောင်ငူမြို့၊ သာသနာ့ဗိမာန်အုတ်တံတိုင်းပြိုကျမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်ပွားရာနေရာသို့ တောင်ငူမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဥ် (၁) စီး၊ မီးသတ် တပ်ဖွဲ့ဝင် (၈) ဦးဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်းနှင့် လူ၊ တိရစ္ဆာန်နှင့် အဆောက်အဦ ထိခိုက်မှုမရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)