ရွှေတောင်မြို့နယ်တွင် ကျောင်းစာကြည့်တိုက်အခြေခံစံနှုန်းလမ်းညွှန်သင်တန်းဖွင့်လှစ်

ရွှေတောင် မေ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.မ.ကမြောက်ပိုင်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထောက်ပံ့၍ ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့မှ ကြီးမှူးကျင်းပသည့် ကျောင်းစာကြည့်တိုက်အခြေခံစံနှုန်းလမ်းညွှန်သင်တန်းဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် သင်တန်းဖွင့်လှစ်ခြင်းနှင့်မိတ်ဆက်ခြင်း၊ ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့၏စီမံချက်အစီအစဥ်များ၊ ကျောင်းစာကြည့်တိုက်၏အဓိပ္ပါယ်အား ရှင်းလင်းတင်ပြခြင်း၊ စာဖတ်နိုင်မှုအခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်မှုအတွက်စာဖတ်ခြင်း၊ ပုံပြောခြင်းနှင့်ကလေး၏အသိဥာဏ်ဖွံ့ဖြိုးမှု၊ မြန်မာနိုင်ငံနှင့်ဆက်စပ်သည့် ကျောင်းစာကြည့်တိုက်၊ တာဝန်ခံဆရာ / ဆရာမ(စာကြည့်တိုက်မှူး) အကြောင်းစသည့်တို့ကို ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့မှ ဒေါ်ထက်မြတ်ဝတ်ရည်၊ ဒေါ်သက်သက်ဟန်နီ၊ ဦးသော်တာစိုး၊ ဒေါ်သင်းသင်းမြတ်တို့က ဆွေးနွေးသင်ကြားပို့ချမည်ဖြစ်ပြီး အဆိုပါကျောင်းရှိ ကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ၊ ဆရာမ(၁၀)ဦးတက်ရောက်ကြပြီး သင်တန်းကာလတစ်ရက်သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း ( ပြန် / ဆက်)